back

ကြံတစ်တန်ကို တစ်သိန်းတစ်သောင်း ကျပ်သာ စျေးပေးလို့ တောင်သူနဲ့ စက်ရုံ ပြေလည်မှုမရဘဲ စစ်ကိုင်းအထက်က စက်ရုံတွေ မလည်ပတ်နိုင်ဖြစ်နေ

Jan 28 • 1:40 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကြံတစ်တန်ကို တစ်သိန်းတစ်သောင်း ကျပ်သာ စျေးပေးလို့ တောင်သူနဲ့ စက်ရုံ ပြေလည်မှုမရဘဲ စစ်ကိုင်းအထက်က စက်ရုံတွေ မလည်ပတ်နိုင်ဖြစ်နေ

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံတွေက ကြံတတန်ကို စက်ရုံအရောက်စျေး တစ်သိန်းငါးထောင်ကနေ တစ်သိန်းတစ်သောင်းကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေနဲ့ စက်ရုံအကြ...

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ သကြားစက်ရုံတွေက ကြံတတန်ကို စက်ရုံအရောက်စျေး တစ်သိန်းငါးထောင်ကနေ တစ်သိန်းတစ်သောင်းကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေနဲ့ စက်ရုံအကြား ပြေလည်မှုမရရှိတာကြောင့် သကြားစက်ရုံတွေ ခုချိန်ထိ လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ စက်ရုံအနေနဲ့ ကြံတစ်တန်ကို တသိန်းခွဲ ကျပ်နှုန်း ပေးဖို့အတွက် တောင်သူနဲ့ စက်ရုံတွေအကြား ညှိနှိုင်းနေကြတာဖြစ်ကြောင်း ၊ ခုချိန်ထိ ညှိနိူင်းမှု အဆင်ပြေတာကြောင့် စက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကြံရာသီမှာ အခြားဒေသရှိ သကြားစက်ရုံတွေက စက်ရုံ အရောက်စျေး ကြံတတန်ကို ၁၇၀,၀၀၀ ကျပ်မှ ၁၈၀,၀၀၀ ကျပ်နူန်း စျေးဖွင့်ထားချိန် စစ်ကိုင်းတိုင်း အထက်ပိုင်းစက်ရုံတွေက စက်ရုံအရောက်စျေး ၁၀၅,၀၀၀ မှ ၁၁၀,၀၀၀ ကျပ်သာ စျေးပေးတဲ့အတွက် တောင်သူတွေက တွက်ချေမကိုက်တာကြောင့် ညှိနိူင်းနေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။ စက်ရုံအရောက် ကြံစျေးဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ ကြံခုတ်ခ ၊ ကြံတင်ခ ၊ ကားခ အားလုံးကို ကုန်ကျခံရတာကြောင့် အနည်းဆုံး ကြံတတန်ကို ၁၅၀,၀၀၀ ကျပ်လောက် ရရှိမှသာ အဆင်ပြေမှာ ဖြစ်တယ်လို့ သိရပါတယ် ။ သကြားစက်ရုံတွေ လည်ပတ်နိုင်ခြင်း မရှိသေးတဲ့အတွက် ကြံတောင်သူတွေအနေနဲ့ ကြံခုတ်ဖို့နောက်ကျနေပြီး ကြံတွေ ခြောက်လာပြီး ဒီထက်ပိုပြီး ထားပါက ဆုံးရှုံးမှုပိုပြီး ကြီးနိုင်တဲ့ အခြေအနေ ရှိတာကြောင့် စျေးနှုန်းတစ်ခုညှိနိူင်းပြီး စက်ရုံတွေ အမြန်ဆုံးဖွင့်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ် ။

news-view-count-icon

30