၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်နေ့ ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများတွင် ခရမ်းချဉ်သီးမှာ တစ်ဆယ်သားလျှင် ၅၀၀ ကျပ်ဝန်းကျင်ဖြင့် ဈေးနှုန်းသက်သာလာပြီး ဆလပ်ရွက်မှာလည်း တစ်စည်း ၆၀၀ ကျပ်ဖြင့် ဈေးကျဆင်းလာသည်။ သို့သော် ရွှေပဲမှာ တစ်ဆယ်သား ၂,၅၀၀ ကျပ်၊ ငရုတ်ပွမှာ ၁,၅၀၀ ကျပ်နှင့် မုန်ညင်းထုပ်မှာ တစ်ထုပ်လျှင် ၁,၇၀၀ ကျပ်အထိ ဈေးမြင့်တက်လျက်ရှိသည်။ ကျန်အခြေခံဟင်းသီးဟင်းရွက်များဖြစ်သော မုန်လာဥဖြူ၊ ချဉ်ပေါင်ရွက်၊ ဂေါ်ဖီထုပ်နှင့် ကင်ပွန်းချဉ်ရွက်တို့မှာမူ ပုံမှန်ပေါက်ဈေးအတိုင်းသာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
ပြည်တွင်းရပ်ကွက်ဈေးများတွင် ခရမ်းချဉ်သီးနှင့် ဆလပ်ရွက်ဈေးကျဆင်းလာပြီး ရွှေပဲနှင့် ငရုတ်ပွဈေး မြင့်တက်နေ
Jan 27 • 6:50 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 1.3k | 0 | 0 | 0 |


