back

ရန်ကုန်ရှိ စာဆိုဗိမာန်အဆောက်အအုံ ၈၈ ရာခိုင်နှုန်း ပြီးစီးနေပြီး ဝဇီရာရုပ်ရှင်ရုံကိုလည်း နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်နေ

Jan 27 • 6:56 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ စာဆိုဗိမာန်အဆောက်အအုံ ၈၈ ရာခိုင်နှုန်း ပြီးစီးနေပြီး ဝဇီရာရုပ်ရှင်ရုံကိုလည်း နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်နေ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇန်နဝါရီ ၂၅ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန် သုံးထပ်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင...

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဇန်နဝါရီ ၂၅ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန် သုံးထပ်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဝဇီရာရုပ်ရှင်ရုံ ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ စာဆိုဗိမာန်မှာ ၈၈ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီးက အိန္ဒိယ-မြန်မာချစ်ကြည်ရေး အထိမ်းအမှတ်ဖြစ်သည့် စာဆိုဗိမာန်အား သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရန်နှင့် ပြတိုက်ပစ္စည်းများ စနစ်တကျစုဆောင်းရန် မှာကြားခဲ့သလို၊ သက်တမ်း ၁၀၀ ကျော်ရှိပြီဖြစ်သော ဝဇီရာရုပ်ရှင်ရုံကိုလည်း မူလလက်ရာမပျက်စေဘဲ နိုင်ငံတကာအဆင့်မီ ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် စနစ်တကျ အဆင့်မြှင့်တင်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

29