ပြင်သစ်ထိပ်တန်းကလပ် PSG အသင်းသည် ဘာစီလိုနာအကယ်ဒမီမှ ထွက်ပေါ်လာသည့် အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမား ဒရိုဖာနန်ဒက်ဇ်ကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့သည်။ PSG သည် ဥရောပကလပ်အသင်းများစွာ စိတ်ဝင်စားနေသည့် ၎င်းကို ပြောင်းရွှေ့ကြေး ယူရို ၈ သန်းဝန်းကျင်ဖြင့် လက်ဦးမှုရယူကာ ၂၀၃၀ ပြည့်နှစ်အထိ ရေရှည်စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဒရိုဖာနန်ဒက်ဇ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းကြီးနှင့်အတူ လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲဦးထွက်များ ဆင်နွှဲထားနိုင်သူဖြစ်သော်လည်း ပွဲကစားခွင့် ပိုမိုရရှိရန်အတွက် PSG အသင်းသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 27 • 4:21 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


