တရုတ်နိုင်ငံရှိ ကာစီနိုလောင်းကစားရုံတစ်ခုတွင် အမျိုးသမီးတစ်ဦးသည် ထူးခြားစွာ အဆက်မပြတ် အနိုင်ရရှိနေသဖြင့် ကာစီနိုဝန်ထမ်းများက မယုံသင်္ကာဖြစ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ အဆင့်မြင့်နည်းပညာသုံး မျက်ကပ်မှန်ဖြင့် လိမ်လည်နေသည်ကို ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါအမျိုးသမီးသည် ဖဲချပ်များ၏ နောက်ကျောတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော အမှတ်အသားများကို မြင်တွေ့နိုင်သည့် အထူးမျက်ကပ်မှန်ကို အသုံးပြု၍ ကစားပွဲများကို အနိုင်ရယူခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းအား ကာစီနိုအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းကာ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ကာစီနိုတွင် အဆက်မပြတ်အနိုင်ရနေသည့် အမျိုးသမီးကို စစ်ဆေးရာ အဆင့်မြင့်နည်းပညာသုံး မျက်ကပ်မှန်ဖြင့် လိမ်လည်နေကြောင်း စစ်ဆေးတွေ့ရှိ
Jan 27 • 4:22 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


