back

ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲသို့ ဒု-ဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်ဆွေးနွေး

Jan 27 • 3:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲသို့ ဒု-ဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်ဆွေးနွေး

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး...

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ဇန်နဝါရီ ၂၄ ရက်က ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် မြန်မာသံအမတ်ကြီး ဦးဇော်ဦးတို့ တက်ရောက်ခဲ့ကြသည်။ အိန္ဒိယယဉ်ကျေးမှုဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာကွန်ဖက်ဒရေးရှင်း (IBC) တို့ ပူးပေါင်း၍ "Collective Wisdom, United Voice, and Mutual Coexistence" ဆောင်ပုဒ်ဖြင့် ကျင်းပသော အဆိုပါညီလာခံတွင် ဒု-ဝန်ကြီးနှင့် အဖွဲ့ဝင်များက "Collective Wisdom and United Voice of Social Harmony" ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ၂၀၂၃ ခုနှစ်က ကျင်းပခဲ့သည့် ပထမအကြိမ်ညီလာခံတွင် သီတဂူဆရာတော်ကြီးနှင့် အိန္ဒိယဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ယခုနှစ်တွင်လည်း အိန္ဒိယယဉ်ကျေးမှုဝန်ကြီးနှင့် ပါလီမန်ရေးရာဝန်ကြီးတို့ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

25