မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီငြှိမ်းသတ်နိုင်ရန်ရည်ရွယ်၍ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။ အဆိုပါလေ့ကျင့်ခန်းတွင် ဆင်ဖြူကျွန်းနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များအသုံးပြု၍ မီးငြှိမ်းသတ်မှုနည်းစနစ်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများကို လက်တွေ့သရုပ်ပြသခဲ့ကြသည့်အပြင် ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုများပါ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
Jan 27 • 4:01 AM
မြန်မာ
မကွေး
မျှဝေမည်
| 7 | 0 | 0 | 0 |


