၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးတွင် မဲလာပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိသောကြောင့် မဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ၅၅ ရာခိုင်နှုန်းခန့်ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် အပိုင်း (၁) အဖြစ် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ်ပေါင်း ၁၀၀ မြို့နယ်နှင့် ဇန်နဝါရီလ ၂၅ ရက်တွင် မြို့နယ်ပေါင်း ၆၁ မြို့နယ် စုစုပေါင်း ၂၆၃ မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်းသုံးပိုင်းလုံး ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်သည်။



