တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဂန်စုပြည်နယ်တွင် ဇန်နဝါရီ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီ ၅၆ မိနစ်ခန့်က မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ မွန်းလွဲ ၃ နာရီခွဲအထိ ထိခိုက်သေဆုံးမှု သတင်းများ မရှိသေးကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာ (CENC) က ထုတ်ပြန်ထားသည်။ ငလျင်ကြောင့် တီဘိုကောင်တီရှိ အချို့သော အဆောက်အအုံများတွင် အက်ကွဲကြောင်းများ ပေါ်ပေါက်ခဲ့သဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များက အဆင့် ၃ အရေးပေါ်တုံ့ပြန်မှုကို ကြေညာကာ အန္တရာယ်ရှိနေရာများမှ လူများကို ရွှေ့ပြောင်းပေးလျက်ရှိသည်။ လက်ရှိတွင် ရေ၊ မီးနှင့် ဆက်သွယ်ရေးစနစ်များ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်သော်လည်း ပျက်စီးမှုအတိုင်းအတာကို အပြည့်အဝ အကဲဖြတ်ရန်အတွက် မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၀၀ ကျော်၊ ရှာဖွေရေးခွေးများနှင့် ကယ်ဆယ်ရေးယာဉ်များစွာကို ငလျင်ဗဟိုချက်အနီးသို့ စုစည်းစေလွှတ်ထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံ ဂန်စုပြည်နယ်၌ ပြင်းအား ၅.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ လူအချို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထား
Jan 27 • 3:49 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 5 | 0 | 0 | 0 |


