ထိုင်းနိုင်ငံအတွင်းရှိ ATM စက်များမှ ငွေသားများထုတ်ယူကာ မြန်မာနိုင်ငံဘက်သို့ ဘတ်သန်း ၃၀၀ ကျော် လွှဲပြောင်းပေးနေသည့် Call Center လိမ်လည်မှုနှင့် ငွေကြေးခဝါချမှုကွန်ရက်ကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၂ ဦး အပါအဝင် သံသယရှိသူ ၁၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဂိုဏ်းသည် Facebook စာမျက်နှာအတုများ အသုံးပြု၍ အွန်လိုင်းစျေးဝယ်သူများကို လိမ်လည်ခဲ့ပြီး ရရှိလာသည့်ငွေများကို အမည်ခံဘဏ်အကောင့် များမှတစ်ဆင့် ချင်းရိုင်ခရိုင်အတွင်းရှိ ATM စက်များတွင် ငွေသားထုတ်ယူကာ တာချီလိတ်မြို့ရှိ Call Center ဂိုဏ်းများထံ နယ်စပ်ဖြတ်ကျော် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၁ ရက်မှ ၂၄ ရက်အတွင်း ဘန်ကောက်နှင့် ချင်းရိုင်အပါအဝင် ခရိုင် ၄ ခုတွင် ဝင်ရောက်စီးနင်းခဲ့ရာမှ ဖုန်း၊ ကွန်ပျူတာနှင့် ဘဏ်စာအုပ်များစွာ သိမ်းဆည်းရမိခဲ့ပြီး၊ ဖမ်းဆီးရမိသူများအနက် မြန်မာနိုင်ငံသားတစ်ဦးမှာ ငွေသားထုတ်ယူသယ်ဆောင်ပေးမှုအတွက် ကော်မရှင် ၂၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပါသည်။
ဘတ်သန်း ၃၀၀ ကျော် မြန်မာဘက်သို့ လွှဲပြောင်းခဲ့သည့် Call Center လိမ်လည်ဂိုဏ်းကို ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်ဖမ်းဆီး
Jan 27 • 3:41 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


