မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာမိုဟာမက် အီရှပ်ဒါးတို့သည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲ တည်ထောင်ခြင်းဆိုင်ရာ အစီအစဉ်ကို ဇန်နဝါရီ ၂၆ ရက်တွင် ပါကစ္စတန်နိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီး၏ ပါကစ္စတန်ခရီးစဉ်အတွင်း ကျင်းပသည့် အဆိုပါအစည်းအဝေးတွင် စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်ရေးနှင့် ကျန်းမာရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည့်အပြင် ကုလသမဂ္ဂ၊ အာဆီယံနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) စသည့် နိုင်ငံတကာစင်မြင့်များတွင်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။ လက်မှတ်ရေးထိုးပွဲအပြီးတွင် ဝန်ကြီးနှစ်ဦးသည် နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲကိုလည်း ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး
Jan 27 • 3:44 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


