ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်တွင် ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း ၃၅၀ ဦး လိုက်ပါလာသော MV Trisha Kerstin 3 အမည်ရှိ သုံးထပ်ကူးတို့သင်္ဘော နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၂၄ ဦး ပျောက်ဆုံးနေကြောင်း ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါသင်္ဘောသည် ဇမ်ဘွမ်ဂါမြို့မှ ထွက်ခွာပြီး လေးနာရီအကြာတွင် လှိုင်းထန်သော ရာသီဥတုကြောင့် အန္တရာယ်ကြုံနေရကြောင်း အချက်ပြခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ လူပေါင်း ၃၁၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီဖြစ်သည်။ ထူးခြားချက်မှာ အဆိုပါသင်္ဘောပိုင်ရှင် Aleson Shipping Lines သည် ၂၀၂၃ ခုနှစ်က လူ ၃၁ ဦး သေဆုံးခဲ့သည့် Lady Mary Joy 3 သင်္ဘောမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ခဲ့ဖူးပြီး ယခုနစ်မြုပ်မှုမှာလည်း ထိုလမ်းကြောင်းအနီးတွင်ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အာဏာပိုင်များအနေဖြင့် သင်္ဘောပေါ်တွင် လူပိုတင်ထားခြင်းမရှိကြောင်း ပြောကြားထားသော်လည်း နစ်မြုပ်ရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် ရေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 27 • 3:39 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


