back

တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး ဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

Jan 27 • 3:34 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး ဆိုင်ရာ တွေ့ဆုံပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ဝမ်ကောင်းရ...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းက ဝမ်ကောင်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဒုတိယတိုင်းမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်သည်။ ထို့နောက် သစ်တောဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်က ''သစ်တောထိန်းသိမ်း ရေးနှင့် ကျေးလက်၊ မြို့ပြများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး'' ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကာ ပြည်ထောင်စု ဝန်ကြီးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျော့ချရေးအားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် နိဂုံးချုပ် အမှာစကား ပြောကြားပြီး ဝန်းကျင်လေထု အရည်အသွေးစောင့်ကြည့် တိုင်းတာရေး မော်တော်ယာဉ်နှင့် တိုင်းတာရေးမှတ်တမ်းများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

news-view-count-icon

18