ဧရာဝတီတိုင်းက မတ်ပဲစိုက်ခင်းတွေမှာ ဖြစ်ပေါ်နေတဲ့ ပဲခင်းဝါသွားရတဲ့ အကြောင်းအရင်းဟာ မှိုကြောင့်မဟုတ်ပဲ ဗိုင်းရပ်စ်တမျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရရင် ပိုးသတ်ဆေးဖြန်းလို့မရတာကြောင့် ကြိုတင်ကာကွယ်ရတဲ့ ရောဂါမျိုးဖြစ်တယ်လို့ စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တွေက သတိပေးကြပါတယ်။ဒီရောဂါကိုခံနိုင်ရည်ရှိတဲ့ မျိုးစေ့တွေကို အသုံးပြုသင့်ကြောင်းနဲ့ အပင်ဝါနေတာတွေတွေ့ရင် နုတ်ပစ်ပြီးပစ်ထားလိုက်တာမျိုး မဟုတ်ပဲအခင်းနဲ့ဝေးရာမှာ မီးရှို့ပစ်ဖို့လိုကြောင်းနဲ့ ဒီရောဂါပိုးကျရင် ကုသဆေးမရှိဘူးလို့ ဆိုပါတယ်။ဒါကြောင့် ပင်ခြေကပေါင်းမြက်တွေကို ရှင်းပေးဖို့၊ နိုက်ထရိုဂျင်ရွက်ဖျန်း၊ မြေသြဇာတွေကို အလွန်အကျွံမသုံးဖို့၊ စိုက်ခင်းစိုထိုင်းဆကို လျှော့ချဖို့နဲ့ မတ်ပဲမျိုးဆိုရင် TBL 9၊ ရေဆင်း ၇၊ ထန်းညီနောင် ၄၊ ပဲတီစိမ်းမျိုးဆိုရင် ရေဆင်း ၁၁၊ ရေဆင်း ၁၄ မျိုးတွေဟာ ဒီရောဂါကို ခံနိုင်ရည်ရှိတယ်လို့ အကြံပြုထားကြပါတယ်။
Jan 27 • 3:35 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 20 | 0 | 0 | 0 |


