back

ရှမ်းပြည်နယ်၊ အေးသာယာဂေါက်ကွင်းရှေ့၌ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်မှုဖြစ်ပွား

Jan 27 • 3:34 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ အေးသာယာဂေါက်ကွင်းရှေ့၌ ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက်မှုဖြစ်ပွား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အေးသာယာဂေါက်ကွင်းရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီခွဲခန့်က မော်တော်ယာဉ်တ...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ အေးသာယာဂေါက်ကွင်းရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် ည ၉ နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိသည့် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ သတင်းရရှိသည်နှင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းနှင့် အေးသာယာနယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းအား လင်းယုန်လူငယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

10