မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇန်နဝါရီ ၂၅ ရက်၊ ညပိုင်းနဲ့ ဇန်နဝါရီ ၂၆ ရက်၊ မနက်ပိုင်းက ကျောက်တူးသူ အယောက် ၂၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မိုးကုတ်ဂေါက်ကွင်းနဲ့ အဲဒီ မြို့နယ်ထဲက အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းအတွင်း ကျောက်တူးနေသူတွေကို ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။မိုးကုတ်ဂေါက်ကွင်းမှာ တယောက်ကို တည ကျပ် တသိန်းပေးပြီး ကျောက်တူးဖို့ မတတ်နိုင်ကြတဲ့သူတွေဟာ အကျဉ်းထောင် အနောက်ဘက်မှာရှိတဲ့ ချောင်းထဲမှာ အရဲစွန့်ပြီး ရှာဖွေ စားသောက်နေကြရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။မိုးကုတ်မြို့ရှိ ပတ္တမြားမြေဂေါက်ကွင်း မြေနေရာကို လုပ်ငန်းရှင်တွေက ကျောက်မျက်တူးဖော်ခွင့် ရရှိနိုင်ဖို့ အစိုးရအဆက်ဆက်မှာ ကြိုပမ်းခဲ့ဖူးပေမယ့်လည်း မြို့မိမြို့ဖတွေနဲ့ ဒေသခံ ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် တူးဖော်ခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။



