back

ရန်ကုန်တွင် ၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

Jan 27 • 2:47 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ Lottery Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယအမျိုးသားနေ့အထိမ်းအမှတ်အ...

၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ Lottery Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်လာကြသူတွေနဲ့ တာဝန်ရှိသူတွေကအမှတ်တရဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။ ဒါ့အပြင် အိန္ဒိယအမျိုးသားနေ့အထိမ်းအမှတ်အဖြစ်နိုင်ငံတော်အလံတင် အခမ်းအနားကိုလည်း အဲဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယဂေဟာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားမှာသံအမတ်ကြီး Mr. Abhay Thakur က အိန္ဒိယနိုင်ငံတော်အလံကို လွှင့်ထူပေးခဲ့ပြီး အိန္ဒိယနိုင်ငံ သမ္မတကြီးရဲ့မိန့်ခွန်းကို ဖတ်ကြားကာခဲ့ပါတယ်။ အခမ်းအနားမှာ ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဌာန (SVCC) မှ အနုပညာရှင်တွေ၊ ကျောင်းသား ကျောင်းသူတွေ၊ အိန္ဒိယလူမှုအဖွဲ့အစည်းတွေနဲ့ပြည်တွင်းက ကျောင်းသား ကျောင်းသူတွေက မျိုးချစ်

‌တေးသီချင်းတွေ၊ အိန္ဒိယဂန္ထဝင်အကတွေနဲ့ ယောဂသရုပ်ပြမှုတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတယ်လို့သိရပါတယ်။

news-view-count-icon

13