back

လီဗာပူးလ်အသင်းနဲ့ အလွန်ဆိုရဲ့ကြား တရားဝင်ဆက်သွယ်မှုမရှိသေးကြောင်း ဖာဘရီဇီယိုရိုမာနို ပြောကြား

Jan 27 • 2:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

လီဗာပူးလ်အသင်းနဲ့ အလွန်ဆိုရဲ့ကြား တရားဝင်ဆက်သွယ်မှုမရှိသေးကြောင်း ဖာဘရီဇီယိုရိုမာနို ပြောကြား

နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက လီဗာပူးလ်အသင်းနဲ့ ရီးယဲလ်နည်းပြဟောင်း အလွန်ဆိုတို့ရဲ့ကြားမှာ တရားဝင်ဆက်သွယ်မှုမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။လီဗာ...

နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက လီဗာပူးလ်အသင်းနဲ့ ရီးယဲလ်နည်းပြဟောင်း အလွန်ဆိုတို့ရဲ့ကြားမှာ တရားဝင်ဆက်သွယ်မှုမရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ လက်ရှိနည်းပြ အာနယ်ဆလော့ရဲ့ ဦးဆောင်မှုကို ကျေနပ်အားရခြင်းမရှိတော့တာကြောင့် နည်းပြအပြောင်းအလဲလုပ်ဖို့ စဉ်းစားနေပြီး အလွန်ဆိုကို ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်လာတာကြောင့် ဖာဘရီဇီယိုရိုမာနိုက အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး(၁၈)ပွဲမှာ (၅)ပွဲသာအနိုင်ရပြီး (၂၁)မှတ်သာရယူနိုင်ခဲ့တာကြောင့် အာနယ်ဆလော့အနေနဲ့ ရာထူးက ထုတ်ပယ်ခံရနိုင်ကြောင်း ထင်ကြေးပေးခံနေရပါတယ်။


news-view-count-icon

13