မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ (၄၆)ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲ ဖြေဆိုခြင်းကို ယမန်နေ့နေ့လယ် ၁၂ နာရီက မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာဓမ္မာရုံတော်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့ သည်။ဝိနယာဓိက စာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်သံဃာတော်(၂၂)ပါးမှ ကြီးကြပ်မည် ဖြစ်ပြီး စာဖြေသံဃာတော် မူလတန်း(၄၁)ပါး၊ ပထမတန်း(၂၈)ပါး၊ ဒုတိယတန်း(၂၅)ပါး၊ တတိယတန်း (၂၂)ပါး၊ စတုတ္ထတန်း(၁၀)ပါး စုစုပေါင်း (၁၂၆)ပါးတို့သည် ဇန်နဝါရီလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ အထိ တစ်နေ့လျှင်(၂)ဘာသာ ဖြေဆိုလျက်ရှိသည်။ အဆိုပါ စာမေးပွဲတွင် ကြီးကြပ်ဆရာတော်၊ သံဃာတော်များ၊ စာဖြေသံဃာတော်များအား မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စေတနာရှင် အလှူရှင်များက အာရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့သည်။ မင်းလှမြို့နယ်၌ (၄၆)ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲဖြေဆိုသည့် စာအောင် သံဃာတော်များကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ရွှေဘုန်းသာဓမ္မာရုံတော်ကြီး၌ပင် စာအောင် ဆုနှင်း သဘင်အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
| 13 | 0 | 0 | 0 |


