back

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မှာ စီးပွားဖြစ်စိုက်ပျိုးတဲ့ ထိုင်းဆီးသီးဈေးကောင်းရနေ

Jan 27 • 2:40 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မှာ စီးပွားဖြစ်စိုက်ပျိုးတဲ့ ထိုင်းဆီးသီးဈေးကောင်းရနေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စီးပွားဖြစ် စိုက်ပျိုးအောင်မြင်နေတဲ့ ထိုင်းဆီးသီးတွေဟာလက်ရှိမှာ ပြည်တွင်းဈေးကွက်အတွင်း ဈေးကောင်းရနေပါတယ်။အဲဒီထိုင်းဆီးသီးပင်တ...

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စီးပွားဖြစ် စိုက်ပျိုးအောင်မြင်နေတဲ့ ထိုင်းဆီးသီးတွေဟာလက်ရှိမှာ ပြည်တွင်းဈေးကွက်အတွင်း ဈေးကောင်းရနေပါတယ်။အဲဒီထိုင်းဆီးသီးပင်တွေ ဖြစ်ထွန်းဖို့ငါးနှစ်ခန့်အချိန်ယူစိုက်ပျိုးခဲ့ရသလို အရင်းအနှီးနဲ့ မြေနေရာအခက်အခဲတွေကိုလည်း မိသားစုတွေနဲ့ညှိနှိုင်းကျော်ဖြတ်ခဲ့ရတယ်လို့ တောင်သူကိုမောင်စိန်နုက ဆိုပါတယ်။အဲဒီဆီးသီးတွေကိုဘူးသီးတောင်၊ရသေ့တောင်၊ကျောက်တော်နဲ့မြောက်ဦးမြို့နယ်တွေအထိ တင်ပို့နေရပြီး ဝယ်လိုအားလည်း မြင့်တက်နေပါတယ်။အဲဒီထိုင်းဆီးသီးအပြင် စပျစ်၊ ပျားလိမ္မော်နဲ့ပန်းသီးတွေကိုပါ ကိုင်းဆက်နည်းပညာနဲ့ စိုက်ပျိုးနိုင်ဖို့ စမ်းသပ်ကြိုးစားနေပါတယ်လို့ဆိုပါတယ်။

news-view-count-icon

36