back

အီရန်ကို တိုက်ရန် အမေရိကန်စတင်နေပြီဖြစ်ပြီး အီရန်ခေါင်းဆောင် ခါမီနီ မြေအောက်ဘန်ကာထဲ ပုန်းနေကြောင်း သတင်းထွက်

Jan 27 • 2:39 AM

breaking-news

မြန်မာ

ပြည်ပ

cover

အီရန်ကို တိုက်ရန် အမေရိကန်စတင်နေပြီဖြစ်ပြီး အီရန်ခေါင်းဆောင် ခါမီနီ မြေအောက်ဘန်ကာထဲ ပုန်းနေကြောင်း သတင်းထွက်

အီရန် ဆန္ဒပြပြည်သူ အများအပြားကို သတ်ဖြတ်နေမှုကြောင့် အမေရိကန်ရဲ့ အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောနှင့် အရန်တိုက်သင်္ဘော များပါတဲ့ ရေယာဉ်စုဟာ ဇန်နဝါရီ ၂၃ ရက် ကတ...

အီရန် ဆန္ဒပြပြည်သူ အများအပြားကို သတ်ဖြတ်နေမှုကြောင့် အမေရိကန်ရဲ့ အေဘရာဟမ်လင်ကွန်း လေယာဉ်တင်သင်္ဘောနှင့် အရန်တိုက်သင်္ဘော များပါတဲ့ ရေယာဉ်စုဟာ ဇန်နဝါရီ ၂၃ ရက် ကတည်းက အိန္ဒိယသမုဒ္ဒရာကနေ အရှေ့အလယ်ပိုင်းကို စစ်ချီလာပြီး အီရန်ကမ်းလွန်ကို ရောက်ရှိလာနေသလို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအောက်က ဗဟိုကွပ်ကဲမှုဌာနရှိ စစ်ဦးစီးချုပ်များလည်း အီရန်ကို ဝင်တိုက်ရေး အစ္စရေးတွင် ရောက်ရှိနေကြပြီလို့ သိရပါတယ်။ယမန်နှစ် ဒီဇင်ဘာ ၂၈ ရက်က စတင်ခဲ့တဲ့ အီရန် ဆန္ဒပြမှုအတွင်း သေဆုံးမှု စစ်တမ်းကောက်ယူချက်တွေအရ ၁၆,၅၀၀ ဦးကနေ ၁၈၀၀၀ ဦးကြားရှိမယ်လို့ ဆိုပေမယ့်လည်း နောက်ဆုံး စစ်တမ်းကောက်ယူမှုမှာ ၂ ပတ် အတွင်း အီရန်တော်လှန်ရေး အစောင့်တပ်များ သတ်ဖြတ်ခဲ့တဲ့ ပြည်သူပေါင်းမှ ၃၃,၁၀၀ အထိရှိခဲ့ပြီလို့လည်း သိရပါတယ်။အီရန်ခေါင်းဆောင် ခါမီနီက ဇန်နဝါရီ ၁၇ ရက်ကတည်းက သုံးနေကျ X လူမှုကွန်ရက်မှာ ပေါ်မလာတော့ဘဲ ပျောက်သွားပြီး မြေအောက် အထူးဘန်ကာအတွင်း သွားပုန်းနေပြီဟု ထောက်လှမ်းရေး သတင်းရင်းမြစ်များက ဆိုပါတယ်။

news-view-count-icon

20