စင်ကာပူနိုင်ငံ၊ Woodlands Library ရဲ့ ဒုတိယထပ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ညနေ ၆ နာရီ ၃၅ မိနစ်ဝန်းကျင်အချိန်ခန့်က အများပြည်သူအေးအေးချမ်းချမ်း စာဖတ်နေကြစဉ်အတွင်း လက်ပ်တော့ပ်တစ်လုံး ရုတ်တရက်ပေါက်ကွဲပြီး မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ မျက်မြင်သက်သေတစ်ဦးရဲ့ ပြောကြားချက်အရ အဆိုပါအချိန်မှာ ကျယ်လောင်တဲ့အသံကြီးနဲ့အတူ လူတစ်ဦးရဲ့ အော်ဟစ်သံကိုပါ ကြားလိုက်ရတာကြောင့် စာကြည့်တိုက်အတွင်းရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စားပွဲပေါ်ရှိ လက်ပ်တော့ပ်ဆီကနေ မီးခိုးငွေ့တွေ အလိပ်လိုက်ထွက်ပေါ်လာခဲ့ပြီး အနီးနားရှိလူအများလည်း ဘာဖြစ်တာလဲဆိုတာကို ဝိုင်းဝန်းကြည့်ရှုခဲ့ကြပါတယ်။ အခြေအနေကို မှတ်တမ်းတင်နိုင်ခဲ့တဲ့ မျက်မြင်သက်သေကတော့ သူမရဲ့ကိုယ်ပိုင်လုံခြုံရေးအတွက် စာကြည့်တိုက်ထဲကနေ အမြန်ဆုံးထွက်ခွာခဲ့ရပြီး အခုလို လျှပ်စစ်ပစ္စည်းတွေ အပူလွန်ကဲတာ ဒါမှမဟုတ် အားသွင်းတာကြာရှည်တာတွေကနေတစ်ဆင့် အန္တရာယ်ရှိနိုင်တာကို လူတိုင်းသတိထားသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
Jan 27 • 2:35 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


