ကမ္ဘောဒီးယားနိုင်ငံ အွန်လိုင်းလိမ်လည်လောင်းကစားမှု မှာ ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၁၆၃ ဦးကို တတိယအသုတ်ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံး ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တွေ ကို ဇန်နဝါရီ ၂၆ ရက် တတိယအသုတ်အဖြစ် ထပ်မံခေါ်ဆောင် ပေးခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်အထိကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၇၂၉ ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။



