back

ထိုင်းနိုင်ငံက လင်းဆွဲတွေမှာ Nipah ဗိုင်းရပ်စ်ကို တွေ့ရှိ

Jan 27 • 2:41 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံက လင်းဆွဲတွေမှာ Nipah ဗိုင်းရပ်စ်ကို တွေ့ရှိ

ထိုင်းနိုင်ငံက သစ်သီးစား လင်းဆွဲတချို့ဆီမှာ Nipah (နီပါး) ဗိုင်းရပ်စ်ပိုး တွေ့ရှိရပေမယ့် အဓိက အန္တရာယ်ကတော့ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေ လာရောက်ကြတဲ့ ရောဂါပ...

ထိုင်းနိုင်ငံက သစ်သီးစား လင်းဆွဲတချို့ဆီမှာ Nipah (နီပါး) ဗိုင်းရပ်စ်ပိုး တွေ့ရှိရပေမယ့် အဓိက အန္တရာယ်ကတော့ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတွေကနေ လာရောက်ကြတဲ့ ရောဂါပိုးရှိသူတွေဆီက ဖြစ်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ထိုင်းလင်းဆွဲတွေမှာ တွေ့ရတဲ့ ဗိုင်းရပ်စ်ပမာဏဟာ ရောဂါဖြစ်ပွားမှုတွေရှိနေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေက လင်းဆွဲတွေမှာ တွေ့ရတာထက် နည်းပါးပါတယ်လို့ ကျန်းမာရေးဆိုင်ရာ ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါက်တာ Sophon Iamsirithaworn က ပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ လက်ရှိအချိန်ထိ အတည်ပြုလူနာ မတွေ့ရသေးပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကနေ လာရောက်တဲ့ တိုက်ရိုက် လေယာဉ်ခရီးစဉ်တွေ ရှိနေတာကြောင့် သုဝဏ္ဏဘူမိ၊ ဒွန်မောင်းနဲ့ ဖူးခက် လေဆိပ်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် လင်းဆွဲတွေဆီကနေ ဝက်တွေ၊ အဲဒီကနေတဆင့် လူတွေဆီ ကူးစက်တာကို ကာကွယ်ဖို့အတွက် လင်းဆွဲတွေ ကျက်စားရာ နေရာတွေမှာ ဝက်မွေးမြူရေးခြံတွေ မလုပ်ဖို့ တာဝန်ရှိသူတွေက တားမြစ်ထားပါတယ်။

news-view-count-icon

45