back

ပြည်တွင်းက.ည.နမှOnline Booking System နဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေပြန်လည်ဆောင်ရွက်ပေးမယ်

Jan 27 • 2:09 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းက.ည.နမှOnline Booking System နဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေပြန်လည်ဆောင်ရွက်ပေးမယ်

ပြည်တွင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က Online Booking System နဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေပြန်လည်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ခေတ္တရပ်ဆိုင်းခဲ့တဲ...

ပြည်တွင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က Online Booking System နဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေပြန်လည်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။ခေတ္တရပ်ဆိုင်းခဲ့တဲ့ မော်တော်ယာဉ်စစ်ဆေးတာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသင်တန်း ယာဉ်မောင်းလိုင်စင်ဖြေဆိုစစ်ဆေးတာတွေရဲ့ Online Booking System ၂၀၂၆ခုနှစ် ၊ ဖေဖော်ဝါရီ ၂ ရက်က စတင်ပြီး ပြန်လည် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။၂ဝ၂၆ ခုနှစ် ၊ ဇန်နဝါရီ ၃၀ ရက် ကစတင်ပြီး (Online Booking ရယူတာတွေကို Website က‌ေနအနည်းဆုံး(၁)ရက် က နေ အများဆုံး (၁၀)ရက် အထိ ကြိုတင်ယူနိုင်မှာဖြစ်ပါတယ်လို့ " ကညန ဝန်ဆောင်မှုလုပ်ငန်းတစ်ခုကပြောပါတယ်။Online Booking ကိစ္စနဲ့စပ်လျဉ်းပြီး မရှင်းလင်းတာ ၊ထပ်မဲသိလိုတာ ရှိတယ်ဆိုရင် သက်ဆိုင်ရာမှာရုံးခွဲတွေမှာ ဖုန်းနဲ့တစ်ဆင့် ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းသွားနိုင်လို့ဆိုပါတယ်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနေနဲ့Online Booking Systemပြင်ဆင်ဖို့ ရှိတာကြောင့် ၂၀၂၅ခုနှစ် ၊ အောက်တိုဘာ ၁ ရက်က စပြီး ခေတ္တရပ်ဆိုင်းခဲ့ဆာလည်းဖြစ်ပါတယ်။


news-view-count-icon

30