back

ရန်ကုန်တွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်ကာ အိမ်ငှားရမ်းသူများပြီး ဈေးနှုန်း ၂ ဆနီးပါးတက်နေ

Jan 27 • 2:08 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် အိမ်ခြံမြေဈေးနှုန်း မြင့်တက်ကာ အိမ်ငှားရမ်းသူများပြီး ဈေးနှုန်း ၂ ဆနီးပါးတက်နေ

ရန်ကုန်မြို့မှာ အိမ်ခြံမြေ အရောင်းအဝယ် ဈေးနှုန်းတွေ တက်လာသလို အိမ်ငှားခတွေလည်း နှစ်ဆနီးပါး ဈေးတက်လာပြီး ငှားရမ်းသူတွေ များနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့...

ရန်ကုန်မြို့မှာ အိမ်ခြံမြေ အရောင်းအဝယ် ဈေးနှုန်းတွေ တက်လာသလို အိမ်ငှားခတွေလည်း နှစ်ဆနီးပါး ဈေးတက်လာပြီး ငှားရမ်းသူတွေ များနေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ အိမ်ငှားရမ်းနေထိုင်သူတွေက ပြောပါတယ်။အိမ်အငှားဈေးကွက်မှာတော့ ကျပ် တသိန်းခွဲ၊ သုံးသိန်းကြားမှာ အငှားလိုက်နေပြီး ဈေးတွေကတော့ နေရာဒေသ၊ လချုပ်၊ စပေါ် ကွာဟမှုအလိုက် ကျပ် တသိန်းခွဲကနေ ၁၀ သိန်း၊ ၁၈ သိန်းဝန်းကျင်အထိ ဈေးအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။တဖက်မှာလည်း ဒေါ်လာဈေးနှုန်းနဲ့ ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေမှုတွေကြောင့် ငွေကိုင်ထားသူတွေဟာ အိမ်ခြံမြေဘက်ကို ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာတာကြောင့် အိမ်ခြံမြေ ဝယ်ရောင်းဈေးနှုန်းတွေ မြင့်တက်လာတာလို့ ဆိုပါတယ်။ဒဂုံ ၄ မြို့နယ်မှာ အိမ်ခြေမြေ အဝယ်လိုက်နေပြီး မြေသီးသန့်ဝယ်တာတော့ ပိုများလာတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက်က ပြောပါတယ်။

news-view-count-icon

92