back

မူဆယ်မှာ BP(စာအုပ်နီ)ရက်လွန်သူတွေကို လဝကဝန်ထမ်းတွေက ငွေအဆမတန်တောင်းနေ

Jan 26 • 2:58 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

မူဆယ်မှာ BP(စာအုပ်နီ)ရက်လွန်သူတွေကို လဝကဝန်ထမ်းတွေက ငွေအဆမတန်တောင်းနေ

တရုတ် - မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်တွေမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်အနီ ရက်လွန်သူတွေကို မတရားဝင်ရောက်...

တရုတ် - မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့ နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်တွေမှာ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်အနီ ရက်လွန်သူတွေကို မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့(မကဖ ၅)လဝကဝန်ထမ်းတွေက ရက်လွန်ကြေးအဆမတန်တောင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။နှစ်နိုင်ငံ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP)စာအုပ်အနီကို ကိုင်ဆောင်သူတွေဟာ နှစ်နိုင်ငံသဘောတူစာချုပ် MOC မှာပါတဲ့ စည်းကမ်းချက်အတိုင်း တရုတ်ပြည်ဘက်မှာ ၆ ညအိပ် ၇ ရက်(တစ်ပတ်)တစ်ခါ တံဆိပ်တုံးလာထုရမှာဖြစ်ပြီး ရက်ကျော်လွန်နေထိုင်ခဲ့သူတွေကို မကဖ(၅)လဝကဝန်ထမ်းများက ရက်လွန်ကြေး အနည်းဆုံး တရုတ်ငွေ ၂၀၀ ယွမ်တောင်းခံနေတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


news-view-count-icon

19