back

ကျိုင်းတုံတွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည့် ဆိုင်ကယ်ကို ပစ်ခတ်ဖမ်းဆီးမှု ဓားရှည်လွယ် လိုက်ပါသူ သေဆုံး

Jan 26 • 2:57 PM

breaking-news

မြန်မာ

ရှမ်း

cover

ကျိုင်းတုံတွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည့် ဆိုင်ကယ်ကို ပစ်ခတ်ဖမ်းဆီးမှု ဓားရှည်လွယ် လိုက်ပါသူ သေဆုံး

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက၊် နံနက်၂ နာရီခွဲခန့်က ကျိုင်းတုံမြို့အမှတ် - ၃ ရပ်ကွက် မြို့သစ်ရပ် နောင်ကုန် ကျေးရွာသွားလမ်းနှင့် သစ်ခွလမ်းထောင့်တွင် ကျိုင်းတုံမြို့...

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ရက၊် နံနက်၂ နာရီခွဲခန့်က ကျိုင်းတုံမြို့အမှတ် - ၃ ရပ်ကွက် မြို့သစ်ရပ် နောင်ကုန် ကျေးရွာသွားလမ်းနှင့် သစ်ခွလမ်းထောင့်တွင် ကျိုင်းတုံမြို့တွင်းဘက်မှ နောင်ကုန် ကျေးရွာဘက်သို့ လာသည့် ဆိုင်ကယ်တစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဥ် ရှာဖွေစစ်ဆေးရေးအဖွဲ့အား အရှိန်ဖြင့် ဖြတ်မောင်းသဖြင့် ရဲကပစ်ခတ်ရာမှ ဆိုင်ကယ်နောက်တွင် ဓားရှည်လွယ် လိုက်ပါလာသည့် ဘဲလေးဆိုသူမှာ ကျည်ဖောက်ဝင် ဒဏ်ရာရရှိ၍ အခင်းဖြစ်ရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။ဆိုင်ကယ်မောင်းသည့် ကျဖေ့ဆိုသူကိုလည်း ဖမ်းဆီးမိခဲ့ပြီး ဓားရှည်လွယ်ထားသူ ဘဲလေး၏ လွယ်အိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေးအပြား ၁၅၀၊ ကျဖေ့လွယ်ထားသော လွယ်အိတ်ထဲမှ စိတ်ကြွရူးသွပ်ဆေး ၁၉၄ ပြား၊ အအေးစုပ်ပိုက်အတွင်း အပြား ၅၀၊ ၉ လက်မအရှည် ဓားတစ်ချောင်း၊ Cutter တစ်ချောင်း၊ တူတစ်ချောင်း၊ အင်စပတ်တာတစ်ချောင်း၊ ပလာယာတစ်ချောင်း၊ ခေါင်းစွပ်ဓာတ်မီးတစ်ခု၊ လွယ်ထားသည့် ဓားရှည်တစ်ချောင်းတို့ ရှာဖွေတွေရှိခဲ့ကြောင်း သိရသည်။


news-view-count-icon

10