မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ကာလရှည်နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် တစ်ထောင်ခန့် အရေပြားရောဂါခံစားနေရပြီး ကုသရေးအတွက် ဆေးဝါးတွေလိုအပ်နေတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနပေါက်မြို့က ဒီနေ့ထုတ်ပြန်ပါတယ်။အရေပြားရောဂါ ခံစားနေရတဲ့ စစ်ဘေးရှောင်တွေအထဲမှာ လူကြီးအရွယ်တွေအပြင် လသားအရွယ်ကလေးငယ်တွေလည်းပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



