Cha Eun Woo ဟာ ကိုယ်တိုင်ရေးသားတဲ့ တောင်းပန်စာ တင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အခွန်ရှောင်မှုသံသယနဲ့ စစ်ဆေးခံခဲ့ရပြီး အခွန်ရုံးကနေ ဝမ်ဘီလီယံ ၂၀ ကျော် (ဒေါ်လာ ၁၃.၆ သန်းခန့်) ထပ်မံပေးဆောင်ဖို့ အကြောင်းကြားစာ ရရှိထားတယ်လို့ သိရပါတယ်။ ဒီသတင်းကြောင့် ပရိသတ်တွေကြား ရိုက်ခတ်မှုရှိခဲ့ပြီး လူအများရဲ့ စိတ်ပျက်အားမလိုအားမရဖြစ်မှုကို ကြုံတွေ့ခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး Cha Eun Woo က ဇန်နဝါရီ ၂၆ ရက်နေ့မှာ Instagram ကနေတစ်ဆင့် တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ လက်ရှိမှာ စစ်မှုထမ်းနေတာဖြစ်ပြီး အခွန်စစ်ဆေးမှုတွေ မပြီးဆုံးခင် စစ်ထဲဝင်ခဲ့ရတာဟာ ပြဿနာကို ရှောင်လွှဲဖို့ မဟုတ်ဘဲ စစ်ထဲဝင်ဖို့ ထပ်မံရွှေ့ဆိုင်းလို့မရတော့တဲ့ အခြေအနေကြောင့်သာဖြစ်ကြောင်း၊ မိမိရဲ့ ချို့ယွင်းချက်တွေကြောင့် အထင်လွဲမှားမှုတွေ ဖြစ်ခဲ့ရတဲ့အတွက် အနူးအညွတ်တောင်းပန်ကြောင်း ရှင်းပြထားပါသည်။



