back

ထိုင်းဝန်ကြီးချုပ်က ၄ နှစ်အခွင့်အရေးပေးပါက ပြည်သူတွေ ပိုက်ဆံထားစရာနေရာမရှိအောင် ချမ်းသာစေရမယ်လို့ အာမခံ

Jan 26 • 1:01 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဝန်ကြီးချုပ်က ၄ နှစ်အခွင့်အရေးပေးပါက ပြည်သူတွေ ပိုက်ဆံထားစရာနေရာမရှိအောင် ချမ်းသာစေရမယ်လို့ အာမခံ

ထိုင်းနိုင်ငံမှာ နောက်လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင်မဲဆွယ်နေကြပါပြီ။ လက်ရှိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ပြီး Bhumjaithai ပါတီ ခေါ...

ထိုင်းနိုင်ငံမှာ နောက်လာမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင်မဲဆွယ်နေကြပါပြီ။ လက်ရှိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ပြီး Bhumjaithai ပါတီ ခေါင်းဆောင် အနုတင် က အလွန် ရဲတင်းလွန်းတဲ့ ကတိကဝတ်တစ်ခုကို ပေးလိုက်ပါတယ်။ အဲဒါကတော့ သူ့ကို ၄ နှစ် အခွင့်အရေးပေးရင် ပြည်သူတွေ ပိုက်ဆံထားစရာနေရာမရှိအောင် ချမ်းသာစေရမယ် ဆိုတာပါပဲ။ သူက “ ကျွန်တော့်ကို ၄ နှစ် အခွင့်အရေးပေးရင် ပြည်သူတွေက (တော်ပါပြီ။ အရမ်းချမ်းသာနေပါပြီ။ ပိုက်ဆံတွေထားစရာ နေရာ မရှိတော့ပါဘူး) လို့ ပြောတဲ့အထိ အလုပ်လုပ်ပေးဖို့ အာမခံပါတယ်။ “ လို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 



news-view-count-icon

9