အရင်အစိုးရလက်ထက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဦးမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ဒေါက်တာဦးမြင့်ထွေး ကွယ်လွန်မှုနှင့် ပတ်သက်၍ ၎င်း၏ညီဖြစ်သူ Min Han Htway က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “အကိုအကြီးဆုံး Dr. ဦးမြင့်ထွေး သည်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံတွင်၊ ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၂၆ခုနှစ် ညနေ ၅:၄၃ နာရီတွင်၊ ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဆွေမျိုးမိတ်ဆွေသင်္ဂဟများကိုသိစေအပ်ပါသည်” ဟု ရေးသားထားသည်။ ဒေါက်တာဦးမြင့်ထွေးသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးလောကတွင် ဝါရင့်ပညာရှင်တစ်ဦး ဖြစ်သည့်အပြင် ကမ္ဘာ့ကျန်း မာရေးအဖွဲ့ (WHO) တွင်လည်း အဆင့်မြင့်အရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။



