back

တောင်ကြီးတွင် ၂ တန်း ကလေးငယ်အား ပြန်ပေးဆွဲသူကို ဖမ်းမိ

Jan 26 • 7:16 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးတွင် ၂ တန်း ကလေးငယ်အား ပြန်ပေးဆွဲသူကို ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်တွင် နေအိမ်ရှေ့၌ ဆော့ကစားနေသည့် ၂ တန်းကျောင်းသားငယ်တစ်ဦးကို ဇန်နဝါရီ ၂၃ ရက်က ကားဖြင့်ဖမ်းခေါ်ကာ မိဘများထံ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်တွင် နေအိမ်ရှေ့၌ ဆော့ကစားနေသည့် ၂ တန်းကျောင်းသားငယ်တစ်ဦးကို ဇန်နဝါရီ ၂၃ ရက်က ကားဖြင့်ဖမ်းခေါ်ကာ မိဘများထံမှ ကျပ်သိန်း ၃,၀၀၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည့် ပြန်ပေးဆွဲသမားကို နောက်တစ်နေ့တွင် ညောင်ရွှေမြို့အဝင်၌ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါကလေးငယ်အား ဖမ်းခေါ်သွားသည့်ကားကို ဇန်နဝါရီ ၂၄ ရက်တွင် ညောင်ရွှေမြို့၌ ပြန်လည်တွေ့ရှိသဖြင့် ရပ်ကွက်သားများက လိုက်လံပိတ်ဆို့ဖမ်းဆီးရာမှ ပြန်ပေးဆွဲသူ အမျိုးသားကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ ဘေးကင်းစွာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ တောင်ကြီးမြို့ပေါ်တွင် မကြာသေးမီက ကျောင်းသားတစ်ဦး သတ်ဖြတ်ခံရသည့်ဖြစ်စဉ်နှင့် ယခုပြန်ပေးဆွဲမှုများကြောင့် မြို့ခံများအကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုအပေါ် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

26