back

မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ အောင်မြင်စွာကျင်းပပြီးစီး

Jan 26 • 7:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ အောင်မြင်စွာကျင်းပပြီးစီး

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ အောင်မြ...

မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ ၂၅ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၆၁ မြို့နယ်၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့ရာ မဲဆန္ဒရှင်ပြည်သူများသည် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြု၍ စနစ်တကျဆန္ဒမဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ သံတမန်များနှင့် သတင်းမီဒီယာများက လေ့လာစောင့်ကြည့်ခဲ့ကြပြီး မဲပေးမှုပြီးဆုံးချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကိုယ်စားလှယ်များရှေ့မှောက်၌ မဲရလဒ်များကို စနစ်တကျရေတွက်ခဲ့ကြသည်။ ယခုရွေးကောက်ပွဲသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ခဲ့သည့် အပိုင်း (၁) နှင့် (၂) တို့၏ နောက်ဆက်တွဲဖြစ်ပြီး အပိုင်း (၃) ကိုပါ ထပ်မံကျင်းပပြီးစီးခဲ့ခြင်းကြောင့် အထွေထွေရွေးကောက်ပွဲကြီး၏ အဆင့်ဆင့်ကျင်းပမှုများမှာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

27