အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်တွင် သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိရှိသော နီပါးဗိုင်းရပ်စ် (Nipah virus) ကူးစက်မှုများ ရှိနေခြင်းကြောင့် ဗုဒ္ဓဂယာအပါအဝင် အနီးအနားပြည်နယ်များသို့ သွားရောက်မည့် ဘုရားဖူးများ အထူးဂရုစိုက်ရန် ကိုးလ်ကတ္တာမြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံးနှင့် ထိုင်းရောဂါထိန်းချုပ်ရေးဌာနတို့က သတိပေးချက် ထုတ်ပြန်လိုက်သည်။ အဆိုပါဗိုင်းရပ်စ်သည် လင်းဆွဲများမှတစ်ဆင့် အစားအသောက် သို့မဟုတ် လူအချင်းချင်း အရည်ထိတွေ့မှုဖြင့် ကူးစက်နိုင်ပြီး ကူးစက်ခံရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများအပြင် ဦးနှောက်အာရုံကြောကိုပါ ပြင်းထန်စွာ တိုက်ခိုက်နိုင်ကြောင်း သိရသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရှိ အဓိကလေဆိပ်များ၌ အိန္ဒိယမှ လာရောက်သူများကို စစ်ဆေးမှုများ တင်းကျပ်ထားပြီး ခရီးသွားများအနေဖြင့် Mask တပ်ဆင်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်ခြင်းနှင့် သစ်သီးဝလံအစိမ်းများ စားသုံးခြင်းကို ရှောင်ကြဉ်ရန် နှိုးဆော်ထားပါသည်။ နီပါးဗိုင်းရပ်စ်အတွက် သီးသန့်ကုသဆေးနှင့် ကာကွယ်ဆေး မရှိသေးသဖြင့် ကြိုတင်ကာကွယ်မှုမှာ အလွန်အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိပေးထားပါသည်။
သေဆုံးနှုန်း ၅၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိသော နီဖာဗိုင်းရပ်စ် အနောက်ဘန်ဂေါတွင် ပျံ့နှံ့လာသဖြင့် ဗုဒ္ဓဂယာဘုရားဖူးများ အထူးဂရုစိုက်ရန် ထိုင်းသတိပေး
Jan 26 • 6:52 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


