ထိုင်းနိုင်ငံ၌ အိမ်ထောင်ရေးတန်းတူညီမျှမှုဥပဒေကို စတင်ထုတ်ပြန်ခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ တစ်နှစ်တာကာလအတွင်း လိင်တူစုံတွဲပေါင်း ၂၆,၀၀၀ ကျော် တရားဝင်လက်ထပ်ခဲ့ကြောင်း Bangkok Pride အဖွဲ့နှင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနတို့၏ အချက်အလက်များအရ သိရသည်။ အဆိုပါကာလအတွင်း စုစုပေါင်းလက်ထပ်မှုအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်မှာ လိင်တူစုံတွဲများဖြစ်ပြီး အမျိုးသမီးချင်းလက်ထပ်မှု ၂၀,၀၈၃ တွဲနှင့် အမျိုးသားချင်းလက်ထပ်မှု ၆,၂၀၄ တွဲ ရှိခဲ့သည်။ သို့သော် လက်ရှိစာရင်းကောက်ယူမှုမှာ မွေးစာရင်းပါလိင်အပေါ်တွင်သာ အခြေခံထားခြင်းကြောင့် လိင်စိတ်ပြောင်းလဲထားသူများ၏ လက်ထပ်မှုများမှာ စာရင်းထဲတွင် ကျန်ရစ်နေနိုင်သဖြင့် ဥပဒေနှင့် စာရင်းဇယားများကို ပိုမိုတိကျပြည့်စုံစေရန် ပြင်ဆင်ရန်လိုအပ်ကြောင်း Bangkok Pride အဖွဲ့က တိုက်တွန်းထားပါသည်။ ထိုင်းနိုင်ငံသည် အာရှတွင် လိင်တူလက်ထပ်ခွင့်ကို ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာပြီးနောက် ယခုကဲ့သို့ လက်ထပ်မှုနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 26 • 6:50 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


