back

ရန်ကုန်ရှိ မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာ

Jan 26 • 6:48 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိ မဲရုံများသို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာ

၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ အပိုင်း (၃) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပရာတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်များနှင့် သံတ...

၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ အပိုင်း (၃) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပရာတွင် နိုင်ငံတကာမှ ရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်များနှင့် သံတမန်များ လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ လေ့လာရေးအဖွဲ့တွင် ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ နီပေါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ နီကာရာဂွါ၊ အိန္ဒိယနှင့် ICAPP အဖွဲ့တို့မှ ကိုယ်စားလှယ်များအပြင် ရန်ကုန်အခြေစိုက် သံရုံး ၆ ရုံးမှ သံအမတ်ကြီးများလည်း ပါဝင်ခဲ့သည်။ နီပေါနိုင်ငံရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး မစ္စတာကာမယ်လ်ဂျေနာဝါလီက မြန်မာနိုင်ငံ၏ မဲပေးစက် (Voting Machine) အသုံးပြုမှုကို ချီးကျူးခဲ့ပြီး ယင်းသည် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုကို ပိုမိုခိုင်မာစေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အထွေထွေရွေးကောက်ပွဲ၏ အပိုင်း ၃ ပိုင်းစလုံးကို အောင်မြင်စွာ ကျင်းပပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

16