back

ရထားလက်မှတ်ကို အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်တော့မည်

Jan 26 • 6:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရထားလက်မှတ်ကို အွန်လိုင်းမှတဆင့် ဝယ်ယူနိုင်တော့မည်

မြန်မာ့မီးရထားသည် လာမည့် ဖေဖော်ဝါရီလမှစတင်၍ ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ် စမ်းသပ်ရောင်းချပေးတော့မည်ဖြစ်သည်။ အဆိုပါ Pilot Project တွင် ရန်...

မြန်မာ့မီးရထားသည် လာမည့် ဖေဖော်ဝါရီလမှစတင်၍ ရထားလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် ပထမဆုံးအကြိမ် စမ်းသပ်ရောင်းချပေးတော့မည်ဖြစ်သည်။ အဆိုပါ Pilot Project တွင် ရန်ကုန်-မန္တလေး အမှတ် (၁၁ အဆန်/၁၂ အစုန်) နှင့် ရန်ကုန်-နေပြည်တော် DEMU ရထားခရီးစဉ်များ (အမှတ် ၇ အဆန်/၈ အစုန် နှင့် အမှတ် ၃၁ အဆန်/၃၂ အစုန်) ပါဝင်မည်ဖြစ်သည်။ ခရီးစဉ်အစအဆုံးအတွက် ၇ ရက်ကြိုတင်၍လည်းကောင်း၊ ကြားဘူတာများအတွက် ၃ ရက်ကြိုတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ အွန်လိုင်းမှရရှိသည့် e-Receipt ကို ရထားမထွက်ခွာမီ ၁ နာရီအလိုတွင် သက်ဆိုင်ရာဘူတာရုံကောင်တာ၌ လက်မှတ်အဖြစ် ပြန်လည်လဲလှယ်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

47