ဘာစီလိုနာအသင်းက အိုဗီယေဒိုအသင်းကို ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအပြီးတွင် အိုဗီယေဒိုနည်းပြ အယ်လ်မာဒါက ဘာစီလိုနာလူငယ်ကြယ်ပွင့် လာမင်းယမားလ် (Lamine Yamal) ၏ ခြေစွမ်းကို အထူးတလည် ချီးကျူးစကားဆိုခဲ့သည်။ ယမားလ်သည် ထိုပွဲတွင် အသင်းအတွက် တတိယမြောက်ဂိုးကို လှပသော နောက်ပြန်ကန်ချက် (Bicycle Kick) ဖြင့် သွင်းယူခဲ့ပြီး ယခုရာသီ ပြိုင်ပွဲစုံ ၁၁ ဂိုးမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ နည်းပြအယ်လ်မာဒါက ယမားလ်သည် "တခြားဂလက်ဆီမှ လာသောကစားသမား" ဟု တင်စားပြောဆိုခဲ့ကာ ၎င်း၏အရည်အသွေးမှာ ပွဲ၏အဆုံးအဖြတ်ကို ဖန်တီးပေးနိုင်သူဖြစ်ကြောင်း ဆိုခဲ့သည်။ ဤနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို တစ်မှတ်အသာဖြင့် ကျော်ဖြတ်ကာ လာလီဂါအမှတ်ပေးဇယား၏ ထိပ်ဆုံးနေရာသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
Jan 26 • 6:45 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 18 | 0 | 0 | 0 |


