back

အမေရိကန်၌ အပြင်းထန်ဆုံးနှင်းမုန်တိုင်းကြောင့် လူ ၇ ဦးသေဆုံး

Jan 26 • 6:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်၌ အပြင်းထန်ဆုံးနှင်းမုန်တိုင်းကြောင့် လူ ၇ ဦးသေဆုံး

အမေရိကန်နိုင်ငံရှိ ပြည်နယ်အများအပြားတွင် တိုက်ခတ်နေသော ပြင်းထန်သည့် နှင်းမုန်တိုင်းကြောင့် တက္ကဆက်၊ မစ်ဆူရီနှင့် ကန်းဆက်ပြည်နယ်တို့တွင် အနည်းဆုံး လူ ၇ ဦး သေဆုံး...

အမေရိကန်နိုင်ငံရှိ ပြည်နယ်အများအပြားတွင် တိုက်ခတ်နေသော ပြင်းထန်သည့် နှင်းမုန်တိုင်းကြောင့် တက္ကဆက်၊ မစ်ဆူရီနှင့် ကန်းဆက်ပြည်နယ်တို့တွင် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ နှင်းမုန်တိုင်းနှင့်အတူ အေးခဲသည့် ရာသီဥတုဒဏ်ကြောင့် တန်နက်ဆီပြည်နယ်အပါအဝင် ပြည်နယ်အနှံ့အပြားရှိ အိမ်ထောင်စုတစ်သန်းကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရပြီး လေကြောင်းခရီးစဉ်ပေါင်း ၁၀,၀၀၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။ လက်ရှိတွင် ပြည်နယ်ပေါင်း ၂၃ ခု၌ အရေးပေါ်အခြေအနေ ကြေညာထားကာ လူဦးရေ ၁၈၅ သန်းခန့်မှာ ပြင်းထန်ရာသီဥတု သတိပေးချက်အောက်တွင် ရှိနေသဖြင့် အာဏာပိုင်များက ပြည်သူများကို အိမ်တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းထားပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကိုလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

23