back

မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ ကျေးရွာတွေမှာအကွက်ရိုက်မြေအချို့ဖယ်ရှားခံရ

Jan 26 • 4:59 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ ကျေးရွာတွေမှာအကွက်ရိုက်မြေအချို့ဖယ်ရှားခံရ

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။ပ...

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့အနီးကျေးရွာအချို့မှာအကွက်ရိုက်ရောင်းချပြီး အုတ်တံတိုင်းခတ်ထားတဲ့ မြေကွက်တွေ ကိူ ဖယ်ရှားရှင်းလင်းနေတယ်လို့ဒေသခံအချို့က အသိပေးပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြင်ဦးလွင်မြို့အနီးက ငါးရံချောင်း ၊ ပင်လိန် ၊ သပြေရေ ၊ ကျွဲနွဲထောက် စတဲ့ ကျေးရွာတွေအနီးက အုတ်တံ တိုင်း ခတ်ထားတဲ့ မြေကွက်ကိုဘူဒိုဇာသုံးပြီး ရှင်းလင်းနေတာပါ။အဲဒီမြေကွက်တွေမှာကျေးရွာအပိုင်ထဲမပါဘဲရွာမြေတိုးချဲ့ဆိုပြီးရောင်းချ ၊ ဝယ်ယူထားတဲ့မြေတွေဖြစ်ပေမယ့်စိုက်ပျိုးမြေ ၊ သစ်တောမြေပိုင်နက်ထဲပါပြီး လူနေထိုင်ခွင့် ၊ အကွက်ရိုက်ခွင့်မရှိတာကြောင့် ရှင်းလင်းနေတာလို့သိရပါတယ်။"အဓိကကတော့စိုက်ပျိုးမြေတွေပေါ် အကွက်ရိုက်ကြတာကအရင်က တည်းကရှိနေတာ၊ ရှင်းတုန်းခဏပဲ ပြီးရင် ပြန်ဆောက်ကြပြန်တာ"လို့ ပြင်ဦးလွင်ဒေသခံတစ်ဦးကပြောပါတယ်။အခုလို ရှင်းလင်းခံရချိန်မှာတော့ ရောင်းချပေးတဲ့ မြေပွဲစားတွေဘက်က တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့သိရပါတယ်။

news-view-count-icon

41