back

တောင်ကြီးတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ အရေးမယူနိုင်သရွေ့ ခိုးပစ်မှုများ ရှိနေဟုဆို

Jan 26 • 4:58 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ အရေးမယူနိုင်သရွေ့ ခိုးပစ်မှုများ ရှိနေဟုဆို

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် အမှိုက်စွန့်ပစ်ခ စျေးနှုန်း မြင့်တက်လာခြင်းကြောင့် ရေနုတ် မြောင်းအတွင်း အမှိုက်ခိုးပစ်မှု ပိုများလာကြောင်းသိရသည်။ရပ်...


ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် အမှိုက်စွန့်ပစ်ခ စျေးနှုန်း မြင့်တက်လာခြင်းကြောင့် ရေနုတ် မြောင်းအတွင်း အမှိုက်ခိုးပစ်မှု ပိုများလာကြောင်းသိရသည်။ရပ်ကွက် ရေမြောင်းများအတွင်း အမှိုက်များကို ယနေ့ အထိ ရှင်းလင်း ဖယ်ရှားနိုင်ခြင်း မရှိသေးသလို၊ ဘယ်သူ့ကိုစောင့်ရမည်မသိဘဲ၊ စည်ပင်လည်း လာမရှင်းသလို ၊ တောင်ကြီး အီကို ကုမ္ပဏီ ဘက်ကလည်း ရေမြောင်း အမှိုက်များ လာမရှင်းပေးကြောင်းဒေသခံကဆိုသည်။တောင်ကြီးမြို့သည် ရေနုတ်မြောင်း စနစ်ကြောင့် သာယာလှပခြင်း ဖြစ်ကာ ၊ မြို့ရေစီးဆင်းခြင်း စနစ်ကို ရေမြောင်း များကြောင့် အပြည့်အ၀ ဖော်ဆောင်ထားခြင်း ဖြစ်သည်။ တောင်ကြီးမြို့ ရပ်ကွက် တချို့သော အတွင်းရှိ ရေနုတ်မြောင်းများကို အမှိုက်စွန့်ပစ်နိုင်ခြင်း မရှိစေရန် သံဇကာ အမြင့်ကြီးများဖြင့် ကာရန် ထားသော်လည်း မြောင်းများတွင် အမှိုက်များကို မြင်တွေ့နေရသည်။ထို့ပြင် တောင်ကြီးမြို့ ရွှေဘုန်းပွင့် နှင့် မြစိမ်းတောင် အတက်လမ်းရှိ ဗျူးပွိုင့်တွင်လည်း စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှု များသဖြင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်နေကြောင်း သိရသည်။

news-view-count-icon

28