တရုတ်နိုင်ငံ၏ ၃၂ ကြိမ်မြောက် ကျစ်ကုန့် နိုင်ငံတကာ ဒိုင်နိုဆော မီးပုံးပြပွဲနှင့် စီချွမ်းပြည်နယ် နွေဦးကြိုဆိုခြင်း ယဉ်ကျေးမှုခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုများကို ဇန်နဝါရီ ၂၃ ရက်က စီချွမ်းပြည်နယ်၊ ကျစ်ကုန့်မြို့ရှိ ကျုံးဟွာရောင်စုံမီးကမ္ဘာတွင် စတင်ခဲ့သည်။ ယခုအကြိမ် မီးပုံးပြပွဲသည် “မီးပုံးများဖြင့် တရုတ်နိုင်ငံကို ဆေးခြယ်ခြင်း၊ အနာဂတ် အိပ်မက်များ တည်ဆောက်ခြင်း” ဆောင်ပုဒ်ဖြင့် စုစုပေါင်း အကြီးစားမီးပုံးအုပ်စု ၁၁ စုနှင့် အလတ်စား၊ အသေးစား မီးပုံးအုပ်စု ၂၀၀ ကျော် ပြသထားပြီး မြို့ခံများနှင့် ခရီးသွားဧည့်သည်များအား ခမ်းနားလှသော မီးရောင်ပြပွဲတစ်ခုကို ပေးစွမ်းခဲ့သည်။
Jan 26 • 4:54 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


