၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးမှာ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အပိုင်း (၃) တွင် ပါဝင်သည့် မဲဆန္ဒနယ်အားလုံး၏ မဲရလဒ်များကို စုစည်းပြီးနောက်ပိုင်းမှသာ တရားဝင်ထုတ်ပြန်ပေးသွားမည် ဖြစ်သော်လည်း လက်ရှိထွက်ပေါ်နေသည့် မဲရုံရလဒ်များအရ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဆိုပါသည်။
Jan 26 • 4:04 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


