အာဆင်နယ်အသင်း၏ အိမ်ကွင်း အမ်းမရိတ်စ်၌ ကျင်းပသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ရှင်အသင်းအား ၃-၂ ရလဒ်ဖြင့် အနိုင်ရရှိသွားသည်။ ပထမပိုင်းတွင် တစ်ဂိုးစီသရေကျနေခဲ့သော်လည်း ဒုတိယပိုင်းတွင် မန်ယူအတွက် ဒေါ်ကူးက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်အတွက် မာရီနိုက ပြန်လည်ချေပခဲ့ကာ ပွဲပြီးခါနီး ၈၇ မိနစ်တွင် လူစားဝင်ကစားသမား ကွန်ညာက အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ယာယီနည်းပြ မိုက်ကယ်လ်ကဲရစ် တာဝန်ယူပြီးနောက် မန်ချက်စတာစီးတီးကို အနိုင်ရခဲ့သည့်အပြင် ယခုအခါ အာဆင်နယ်ကိုပါ ထပ်မံအနိုင်ရခဲ့ခြင်းဖြစ်ပြီး၊ ၎င်းသည် ၂၀၂၁ ခုနှစ်ကလည်း အာဆင်နယ်ကို ၃-၂ ဖြင့်ပင် နိုင်ဖူးသည့်မှတ်တမ်းရှိခဲ့သည်။ အာဆင်နယ်အသင်းအတွက်မူ ယခုရှုံးနိမ့မှုသည် အိမ်ကွင်း၌ မန်ယူနှင့်ကစားခဲ့သည့် နောက်ဆုံး ၉ ပွဲအတွင်း ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
| 12 | 0 | 0 | 0 |


