back

တာချီလိတ်ခရိုင်နှင့် မြို့နယ် အတွင်း ရွှေလုပ်ငန်းလုပ်ကိုင်ကြသူများအနေနှင့် လိုင်စင်များပြုလုပ်ရန်လိုအပ်ဟုဆို

Jan 26 • 4:06 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်ခရိုင်နှင့် မြို့နယ် အတွင်း ရွှေလုပ်ငန်းလုပ်ကိုင်ကြသူများအနေနှင့် လိုင်စင်များပြုလုပ်ရန်လိုအပ်ဟုဆို

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်နှင့် မြို့နယ် ရွှေလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ် နှစ်ပတ်လည် မိတ်ဆုံစားပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းတွင်...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်နှင့် မြို့နယ် ရွှေလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ် နှစ်ပတ်လည် မိတ်ဆုံစားပွဲအခမ်းအနားကို ဇန်နဝါရီ ၂၅ ရက် ညနေပိုင်းတွင် ဝမ်ကောင်းရပ်ကွက်ရှိ Happy Sence ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ခရိုင်ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်အမ်းက ဒေသတွင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဖိုးတန်ဓာတ်သတ္တု ရောင်းဝယ်ခြင်းဆိုင်ရာ လိုင်စင်များ မဖြစ်မနေပြုလုပ်ရန် လိုအပ်ကြောင်းနှင့် နောင်တွင် အသင်းအနေဖြင့် သင်တန်းများပါ ပို့ချသွားရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းစံဝပ်ဒ်ကလည်း အသင်း၏ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

18