ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအနက် ဒုတိယအသုတ်အဖြစ် ၄၃၀ ဦးကို MAI လေကြောင်းလိုင်းနှင့် တပ်မတော်လေယာဉ်များဖြင့် ဇန်နဝါရီ ၂၅ ရက်က ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ကမ္ဘောဒီးယားနိုင်ငံအစိုးရအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ အဆိုပါကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများသည် ၎င်းတို့အစီအစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ သတင်းပေးပို့မှုများအရလည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက လွှဲပြောင်းပေးအပ်မှုများအရလည်းကောင်း ကမ္ဘောဒီယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။အဆိုပါကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ဇန်နဝါရီ ၂၃ ရက်က မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ပြီးဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၄၃၀ ဦးကို လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်
Jan 26 • 3:13 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


