မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် NO.1 ကိုယ်ပိုင် အထက်တန်းကျောင်း(စကု)မှ ဦးဆောင်ကျင်းပသည့် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းက မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။တာဝန်ရှိသူများက အဆိုပါကျောင်းမှ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း လူရည်ချွန် မောင်မယ်များ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူနှင့် တိုင်းဒေသကြီးအဆင့် ဝိဇ္ဇာဘာသာတွဲတွင် ဒုတိယအမှတ်အများဆုံး ရရှိသူများ၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အထိမ်းအမှတ်ပြိုင်ပွဲများတွင် ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ၊ ဘင်ခရာပြိုင်ပွဲ၊ ကင်းထောက်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် စာပေထူးချွန်နှင့် ဘက်စုံဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိခဲ့သူများ၊ ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ် Grade(10 - 11 - 12) အတန်းများ အလိုက် စာပေထူးချွန်ဆုရရှိသူများနှင့် ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပြသပေးခဲ့သော သင်ကြားရေး ထူးချွန်ဆုရ ဆရာ၊ ဆရာမများအားလုံးကို ဂုဏ်ပြုဆုငွေ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြေင်း သိရသည်။
မကွေးတိုင်း၊မင်းဘူးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စာပေထူးချွန်နှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 26 • 3:12 AM
မြန်မာ
မကွေး
မျှဝေမည်
| 17 | 0 | 0 | 0 |


