မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဝုလ်ဗ်ကို အနိုင်ရတဲ့ပွဲမှာ
ပယ်နယ်တီမပေးတဲ့ ကွင်းလယ်
ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို
ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ဒိုင်လူကြီး ဖာရာအီဟယ်လမ်ဟာအခုပွဲမှာမှ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကို တာဝန်ယူခဲ့တာပါ။ဝုလ်ဗ်ကစားသမားတစ်ဦးကဂိုးဧရိယာထဲ ဘောလုံးလက်မောင်းနဲ့ ထိခဲ့တာပါ။ဟယ်လမ်က VAR ဒိုင်လူကြီးဒါရင်းအင်္ဂလန်ရဲ့ အကြံပြုချက်ကို ငြင်းဆန်ကာ ရုပ်သံပြန်မကြည့်ဘဲ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ် မန်စီးတီးအသင်းဟာ ၂-၀ ဂိုးနဲ့ အနိုင်ရပြီးနှစ်သစ်မှာ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ဝုလ်ဗ်အသင်းကတော့ ပြိုင်ပွဲစုံငါးပွဲဆက် ရှုံးပွဲမရှိမှု ရပ်တန့်ခဲ့ရပါတယ်။


