back

အာဆင်နယ်အသင်းရဲ့ စိတ်ဓာတ်ပိုင်း အားနည်းချက်ရှိနေတယ်လို့ ဗီယာရာ ဝေဖန်ခဲ့ပြီး အာတေတာ ပြန်လည်တုံ့ပြန်

Jan 26 • 3:11 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ်အသင်းရဲ့ စိတ်ဓာတ်ပိုင်း အားနည်းချက်ရှိနေတယ်လို့ ဗီယာရာ ဝေဖန်ခဲ့ပြီး အာတေတာ ပြန်လည်တုံ့ပြန်

အာဆင်နယ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ မန်ယူအသင်းကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပွဲအပြီးမှာ ပရိသတ်တချို့ရဲ့ အော်ဟစ...

အာဆင်နယ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မှာ မန်ယူအသင်းကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပွဲအပြီးမှာ ပရိသတ်တချို့ရဲ့ အော်ဟစ်လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို၊ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဗီယာရာကလည်း အာဆင်နယ်အသင်းအနေနဲ့ စိတ်ဓာတ်ပိုင်းအားနည်းချက်ရှိနေတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။Sky Sports ရဲ့ တင်ဆက်မှုမှာ ပါဝင်ခဲ့တဲ့ ဗီယာရာက အာဆင်နယ်အသင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတချို့ ရှိနေဆဲဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့တာပါ။အာဆင်နယ်အသင်းဟာ အဲဒီပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ပြိုင်ဘက်အသင်းက ခြေစွမ်းပိုပြပြီး အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ပြိုင်ပွဲစုံ(၁၂)ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန် ရပ်တန့်သွားခဲ့ရသလို၊ ဒီရာသီမှာ ပထမဆုံးကြုံတွေ့ရတဲ့ အိမ်ကွင်းရှုံးပွဲအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ အာတေတာကတော့ ကိုယ်တိုင်ဖန်တီးခဲ့တဲ့ အမှားတွေကြောင့်သာ ရှုံံးနိမ့်ခဲ့တာဖြစ်ပြီး ပိုကောင်းအောင် လုပ်ဆောင်ဖို့သာ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။


news-view-count-icon

18